Showing posts with label Ram များ. Show all posts
Ram ဆိုတာကတော့
ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။တစ်နည်းအားဖြင့်သူကို
Memory လို့လဲခေါ်ပါတယ်..memory ဆိုပေမဲ့ သူက temporary memory ပါ..ကွန်ပျူတာ တစ်လုံးမှာ
ယာယီဘဲ အလုပ်လုပ်တဲ့ memory နဲ့ အမြဲတမ်း အလုပ်လုပ်တဲ့ memory ဆိုတာရှိပါတယ်..
ဥပမာ..ကွန်ပျူတာ ပေါ်တွင်သုံးနေသော Application software တွေဟာ
Ram လိုခေါ်တဲ့ temporary memory ရဲ့ အပေါ်မှာအလုပ်လုပ်နေရတာပါ..တကယ်လို့ စက်ကို power
ပိတ်လိုက်တော့မယ်ဆိုရင် စောစောက အလုပ်လုပ်ထားတဲ့ application
တွေကအားလုံးပျောက်သွားပါလိမ့်မယ်..အဲဒီအတွက် အဲဒီ application တွေကိုသိမ်းဖို့ permanent memory
ဆိုတာလိုအပ်လာပါပြီး…အဲအကြောင်းကို တော့ နောက်မှ ဖော်ပြပါတော့မယ်..ခုလောလောဆယ်တော့ ram
ဘက်ကိုပြန်သွားလိုက်ရအောင်..
Ram မှာလဲ speech တွေနဲ့ ဘဲ ပိုင်းခြားထားတာပါ…သူကိုကြတော့ MB နဲ့ တွက်ကြပါတယ်..ဥပမာ..
32MB> 64MB>128MB>256MB>512MB>1GB>2GB အဲလိုပုံစံ မျိုးတွေနဲ့ တိုင်းတာကျတယ်..
ကဲ Ram ရဲ့ အလုပ်လုပ် ပုံကို သိပြီးဆိုတော့ Ram ရဲ့ အမျိုးအစားတွေကို ဖော်ပြပါမယ်…
ကျွန်တော်မှီသလောက်ကတော့ SDRam ကိုမှီလိုက်ပါတယ်..
ကဲအဲဒါကတော့ SDRAM ပါဘဲ..Ram တွေက slotလေးတွေဘဲ နည်းနည်းလေးကွဲသွားတာပါ..ခုပြထားတဲ့ SD
RAM ရဲ့ Speech ကတော့ 256MB ပါ..သူကတော့ ၂၀၀၆ ခုနှစ်လောက်မှာတော့
တော်တော်ကိုလေးအသုံးများခဲ့ပါတယ်..
အဲဒီကောင်ကတော့ DDR RAM ပါ SD Ram ထက် ပိုပြီးမြန်လာပါတယ်…သူရဲ့ speech ကတော့ 512
နဲ့စခဲ့တာပေါ့..အများဆုံး 1 GB တောင်ရှိလာခဲ့ပါတယ်….သူကို ၂၀၀၆ခုနှစ်နှောင်းပိုင်းမှာ စတင်စမ်းသက်
အသုံးပြူခဲ့ပြီး လာတော်တော်များများ အသုံးပြုခဲ့ကြပါတယ်..
ကဲ ဒါကတော့ DDR2 လို့ခေါ်တဲ့ DDR1 killer ပေါ့..သူလည်းပေါ်လာရော သိတဲ့ အတိုင်းဘဲ လူတွေက DDR2
တွေဖြစ်ကုန်တော့တာဘဲ..တော်တော်လေးလည်းကောင်းပါတယ်..ခုတွေ့ရတဲ့ ပုံက တော့ DDR2 1GB
ပါ..512MB ကနေ့ 4 GB ထိတောင် ထွက်ခဲ့ ပါတယ်..ဒါကြောင့်လည်း လူတွေက ကြိုက်ခဲ့ ကြတာပေါ့..သူကို
၂၀၀၈ ခုနှစ် ကုန်ခါနီးလောက်မှာ စတင်အသုံးပြူခဲ့ကြတာဖြစ်ပါတယ်..
ကဲ ဒါကတော့ နောက်ဆုံးပေါ် DDR3 ပါ..ကျွန်တော်တောင်
မသုံးဖူးပါဘူး..တော်တော်ကောင်းမဲ့ပုံပါဘဲ…ခုတင်ထားတဲ့ ပုံတင် 4GB တောင်ရှိနေပါပြီး…
ကဲ ကျွန်တော်သိသမျှ Ram အကြောင်းကိုတော့ တော်တော်ပြောပြလိုက်ပြီး…ဗဟုသုတ အနေနဲ့
မှတ်ထားလိုက်ကြပေါ့..ကျွန်တော်လည်းမသိတာတွေ တော်တော်များများရှိပါသေးတယ်..
Ram များနှင့် စတင် မိတ်ဆပ်ခြင်း
Full View
Labels:
Ram များ